ပင်းတယ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပင်းတယမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ယူဆောင်ရွက်ကြမည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်းကို ဖွင့်လှစ်သင်ကြားသည်။
အဆိုပါသင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမြလှိုင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြုလုပ်သွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားပေးခဲ့ကြောင်းသိရပြီး၊ ၎င်းသင်တန်းအား ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းဆရာ/ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး သင်တန်းကာလမှာဒီဇင်ဘာလ ၁၃ ရက်မှ ၁၄ ရက်အထိ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)