အလုံ ဒီဇင်ဘာ ၁၃
အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ဟားခါးပညာရေးဒီဂရီကောလိပ်ရှိ သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုံမြို့နယ်သို့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှပေးအပ်သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ (၃)လအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အလုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၊ ဟားခါးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်ချောစုစုမောင်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ရပ်ကွက်များအလိုက် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း တစ်ပြိုင်နက်တည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ယောဧရာ(ပြန်/ဆက်)