ပုသိမ် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ် ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စု၊ မအူကုန်း ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာနေဘုရင်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကြီး စံပြကျေးရွာနေ ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဖြစ်တော်မူသော (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ) ဘဒ္ဒန္တဣန္ဒာစရိယ (ဗုဒ္ဓေါရသ) အရှင်သူမြတ်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များလျှောက်ထားခဲ့ကာ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် မဟာနေဘုရင်ဘုရားကြီးပရဝဏ်အတွင်းတွင် ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယကဆရာတော်ကြီး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့) ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မျက်စိစမ်း သပ်ကုသပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများနှင့် သွားလာနေထိုင်နိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး မျက်စိလူနာများအား စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ် ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား ယခုလ ၁၅ ရက်နေ့အထိ မျက်စိစမ်းသပ်ခြင်းကို လည်းကောင်း၊ ၁၈ရက်နေ့အထိ ခွဲစိတ်ကုသပေးခြင်းကိုလည်းကောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လျာထားမျက်စိလူနာ ၁၂၀၀ ဦးကိုခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ခွဲစိတ်ပြီးစီးသည့်မျက်စိဝေဒနာရှင်များအား ပြန်လည်စမ်းသပ်ခြင်းအား ကြည့်ရှုအားပေးပြီးနောက် ရေကြည်မြို့နယ်ပြည်သူ့ကျန်းမာရေးမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီး ကြပ်မှုဖြင့် မျက်စိခွဲစိတ်သည့်လူနာများအား ပြန်လည်စမ်းသပ်ခြင်းနှင့် မျက်မှန်တပ်ဆင်ခြင်း အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မျက်စိနှင့်ပတ်သက်သည့် ဝေဒနာရှင်များအား ပြည်သူ့ဆေးရုံအသီးသီးတွင် ခွဲစိတ်ကုသပေးခြင်းအပြင် ဒေသခံဆရာတော် ကြီးများ၊ စေတနာရှင်အလှုရှင်အသီးသီးကလည်း တိုင်းဒေသကြီး၏ နေရာဒေသအသီးသီးတွင်လည်း နှစ်စဉ်ကုသပေးလျက်ရှိပါကြောင်း၊ ရေကြည်မြို့နယ်တွင်လည်း မျက်စိခွဲစိတ်ကုသခြင်းများကို ကျန်းမာရေဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှမျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက လာရောက်ကုသပေးခဲ့ရာ အလှူရှင်အသီးသီးကလည်း ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့တွင် မျက်စိခွဲစိတ် သည့်လူနာများအား ပြန်လည်စမ်းသပ်ခြင်းနှင့် မျက်မှန်တပ်ဆင်ပေးခြင်းဖြစ်ပါကြောင်း၊ မျက်မှန်တပ် ဆင်သူများအနေဖြင့် မျက်မှန်တပ်ဆင်ရာတွင် အခက်အခဲများရှိပါက ပြန်လည်ပြောကြား ပေးစေလိုကြောင်း၊ မျက်စိဝေဒနာရှင်များသည်လည်း ရှိနေအုံးမည်ဖြစ်၍ မျက်စိစမ်းသပ်ခွဲ စိတ်ခြင်းများကို ရေကြည်မြို့နယ်အတွင်းသာမက တိုင်းဒေသကြီးအတွင်းရှိ အခြားသောနေ ရာများတွင်လည်း ဆက်လက်စမ်းသပ်ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မျက်မှန်များတပ်ဆင်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)