ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများ ရေရှည်ရပ်တည်ဖွံ့ဖြိုးတိုးတက်စေနိုင်ရေး ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား ဒီဇင်ဘာ ၁၃

မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ သမဝါယမအသင်းများ ရေရှည်ရပ်တည်ဖွံ့ဖြိုးတိုးတက်စေနိုင်ရေးခေါင်းစဉ်ဖြင့် အရာထမ်း/အမှုထမ်းများအတွက် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဦးစီးဌာနရုံး ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးလှမြင့်နှင့် ခရိုင်/မြို့နယ်အရာထမ်း/အမှုထမ်း ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သမဝါယဦးစီးဌာနနှင့် သမဝါယမအသင်းများ ရေရှည်ရပ် တည် ဖွံ့ဖြိုးတိုးတက်စေနိုင်ရေး ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲအား ဝန်ထမ်း(၁၀)တို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြကာ အကောင်းဆုံးပြောဆိုနိုင်သူအား ရွေးချယ်ဆုချီးမြှင့်ခဲ့ကြသည်။

ထို့အတူ အဆိုပါပြိုင်ပွဲအပြီးတွင် ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပြည်နယ်နှင့်မြို့နယ် အရာထမ်း/အမှုထမ်းဝန်ထမ်း(၁၀၄)ဦးတို့အတွက် အားကစားဝတ်စုံ(Track Suit)များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်