ကျေးသီး ဒီဇင်ဘာ ၁၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြည် သူအား အသိပညာပေးလှုံ့ဆော်သည့် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်တွင် ကျေးသီးမြို့ လူစည်ကားရာနေ ရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့ အတွက်ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင် နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင် နိုင်သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရှိရသည်။“ဒို့အတူတူမဲပေးကြ မယ်”လက်ကမ်းစာစောင်များကို ကျေးသီးမြို့ မြို့မစျေးကြီး၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဆိုင်းဘုတ်ကို မြို့အဝင် လဲချား၊ မိုင်း နောင်၊ ကျေးသီး၊ မိုင်းရယ်သွားလမ်းမကြီးဘေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စိုက် ထူခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မ တီဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများကလူ စည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)