ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)အဖွဲ့ ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာ

ဖျာပုံ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့နံနက်ပိုင်းက ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ တာဝန်ရှိသူများထံ ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ပြီး တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပေးအပ်သည့် အမှတ်တရလက်ဆောင်များကို လက်ခံရယူကြပြီးနောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ရင်းရင်းနှီးနှီးနှုတ်ဆက်ကြကာ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် အခြေပြုဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဖျာပုံမြို့၊ (၁၂)ရပ်ကွက်ရှိ ရွှေစင်လမင်းဆီဆိုင်ဝင်းတွင်အခြေပြု၍ ဖျာပုံမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအား ဒီဇင်ဘာလ  ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဆေးကုသမှုဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါတို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်းနှင့် ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ၊ ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ၊ အန်ထရာစောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ၊  တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာနှင့် ဓာတ်ခွဲစမ်းသပ်လူနာများတို့ကို ရောဂါရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)