မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပညာ‌ပေးသင်တန်း ဖွင့်လှစ်

ရွာငံ ဒီဇင်ဘာ ၁၃

‎‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများပညာ‌ပေးသင်တန်းကို ဒီဇင်ဘာ ၁၃ ရက်၊ နံနက် (၉) နာရီက အထက (ရွာငံ) ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကား‌ပြောကြားရာ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများ ဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်သွားရန်၊ မဲပေးခြင်းလုပ်ငန်းစဉ်တွင် ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးရတဲ့ ကြိုတင်ဆန္ဒမဲနှင့် MEVM စက်ဖြင့် မဲပေးရသည့် မဲရုံမဲ နှစ်မျိုးရှိရာ  မဲရုံမှာ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊  ဒုမဲရုံမှူးများအနေဖြင့် ပို့ချလိုက်သည့်သင်ခန်းစာများကို လိုက်နာဆောင်ရွက်သွားပြီး ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ရွာငံမြို့နယ်တွင် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် အပိုင်း (၂) အနေဖြင့် ကျင်းပသွားမည်ဖြစ်ရာ ရပ်/ကျေးကြိုတင်မဲများကို (၁-၁-၂၀၂၆) ရက်နေ့မှ(၁၀-၁-၂၀၂၆) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှာ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၄၂ ဦးဖြင့် ဒီဇင်ဘာ (၁၃)ရက်မှ (၁၄)ရက်အထိ ပို့ချအသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)