ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယပါတ်)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

ပဲခူး ဒီဇင်ဘာ ၁၃

ယနေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ ဒီဇင်ဘာလ(ဒုတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲအား ပဲခူးမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ()နှင့် အတွဲ()တို့အား ပြုလုပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဌာနဆိုင်ရာလွန်ဆွဲပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလုံးဂိုးကျဉ်းသွင်းပြိုင်ပွဲနှင့် ခါးကွင်းလှည့်ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယပါတ်အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲဖောက်ခြင်းနှင့် လွန်ဆွဲပြိုင်ပွဲအတွက် ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ဒီဇင်ဘာအားကစားလ (ဒုတိယပါတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲခဲ့ကြပြီး ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက ကောက်ညှင်းပေါင်း၊ ကော်ဖီတို့ဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)