ပင်လုံ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာ ၁၂ ရက်က ပင်လုံမြို့ဌာနဆိုင်ရာရုံးများနှင့် မြို့မစျေး၌ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးရာတွင် မီးဘေးအန္တရာယ်လျော့ပါးကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အား အသုံးပြုမှုကြောင့် မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲဆွေးမြှေ့ပျက်စီးခြင်းမရှိ/မရှိ၊ခိုင်ခံမှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးငြှိမ်းသတ်မှု အထောက်အကူပစ္စည်းများရှိ/မရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပင်လုံမြို့အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေးဌာနမှ လျှပ်စစ်မှူးနှင့် ဝန်ထမ်းများက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)