ကျွန်းစု ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
လမ်းလျှောက်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက ကျွန်းစုမြို့အဝင်ဆိပ်ကမ်းမှစတင်၍ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်မှ အမှတ် (၄) ရပ်ကွက်ရှိ မြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် အားကစားကွင်း၌ ကိုယ်လက်လှုပ်ရှားသွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး စုပေါင်းလမ်းလျှောက်ပွဲတွင် ကောက်ညှင်းပေါင်း မုန့်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)