တနင်္သာရီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ကော့သောင်း  ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် တာဝန်ရှိသူများအတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊‌ ပုလုံးတုံးတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရွာသာယာကျေးရွာတွင် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ထားရှိသည့် ကွန်ကရစ်လမ်းခင်းခြင်း၊ လက်တူးတွင်းတူးဖော်ခြင်းနှင့် အမိုး၊ ပလက်ဖောင်း ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ခေတ်မီ စံပြကျေးရွာ စီမံကိန်းလုပ်ငန်းများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ရွာသာယာကျေးရွာနေ ရွာသူရွာသားများ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ  ကျေးရွာ‌နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆွေးနွေးပြောကြား၍  ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ယင်းနောက် ကျေးရွာနေပြည်သူများ၏ အခက်အခဲနှင့် လိုအပ်ချက်များတင်ပြစေကာ သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌‌ပေးခဲ့သည်။

ထို့‌‌နောက် ရွာသာယာကျေးရွာတွင် ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ပံ့ပိုးမှုဖြင့်ဖွင့်လှစ်ထားရှိသည့် တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြင်လုပ်ငန်းအားကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)