ချမ်းမြသာစည် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပွင့်လင်းခြောက်သွေ့သော ရာသီအချိန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် မဲရုံပတ်ဝန်းကျင်အနီး မီးသတ်ကားအလွယ်တကူ ဝင်ရောက်၍ မရနိုင်သောနေရာများ၊ မီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက် ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄×၈၅လမ်းကြား၊ ၁၀၄ လမ်း×၁၀၅လမ်းကြားရှိ အကွက်အမှတ်(၅၀၁)အား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပတ်ဝန်းကျင်အနီးရှိ လူနေအိမ်ထူထပ်၍ မီးသတ်ကား အလွယ်တကူဝင်မရနိုင်သော အကွက်အမှတ်(၅၀၁)အား တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုး၊ မြို့နယ် မီးသတ်ဦးစီးမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀)မြို့မရဲစခန်းမှ ဒုတိယရဲအုပ် ကျော်သူမင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ် တာဝန်ရှိသူများ၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်လင်းနှင့်ရပ်ကျေးများဖြင့် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်အမှတ် (၅၀၁)အတွင်းရှိ မီးသုံးစွဲမှုအခြေအနေများ စစ်ဆေးဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့် ဝါယာကြိုး သွယ်တန်းထားမှု အခြေအနေများစစ်ဆေးခြင်း၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုများ၊ ရေငုတ်များ ရေရရှိရေး အခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းမှ လိုအပ်သည်များကို အကြံပြုလမ်းညွှန်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)