နောင်ချို ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ အထိမ်းအမှတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (ဗိုလ်လုပွဲ)နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်က နောင်ချိုမြို့နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့နံနက် ၈ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ပြီး အသင်းပေါင်း ၁၈ သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် နာရီအချိန်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ (ဗိုလ်လုပွဲနှင့်)နှင့် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ပြိုင်ပွဲ၌ပထမဆုရှိသော “လောပန်း” အသင်းအား ငွေသားဆု၊ တံခွန်စိုက်ဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်အားလည်းကောင်း၊ ဒုတိယဆုရရှိသော “ချစ်ပို”အသင်းနှင့် တတိယဆုရရှိသော “သုံးဆယ်” အသင်းအား အသင်းသား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ပွဲစဥ်တစ်လျောက် ဒိုင်အဖြစ်ဆောင်ရွက်ပေးသော ဦးဖိုးကျော်အား အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြနည်းစနစ်မှူး ဒေါ်အေးအေးခိုင်က ချီးမြှင့်ငွေပေးအပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆုရရှိသောအသင်းများမှ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)