စဉ့်ကိုင် ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံ၊ အသင်းသားတာဝန်ကျ၊ မြို့နယ်သမဝါယမအသင်းစုတို့သည် ဆောက်အင်းကျေးရွာ ဆောက်အင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းမှ အသင်းသားဦးဇော်ဦး၏ ကွင်းအမှတ်၃၅ခ၊ ဦးပိုင်အမှတ် ၈၃/၁၀ လယ်မြေဧက(၃)ဧကတွင် ဧရာမင်းမိုးစပါး ရိတ်သိမ်းနေမှုကို ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့်တာ၀န်ရှိသူများက ဆောက်အင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းမှ အသင်းသားတောင်သူ (၃၉)ဦးနှင့်တွေ့ဆုံဆွေးနွေးပြီး မိုးစပါး(၁၅၀)ဧက စိုက်ပျိုးထားရှိမှုအပေါ် အသင်း သားတောင်သူများအနေဖြင့် စပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင်အထွက်တိုးပြီး မျိုးကောင်းမျိုးသန့်များ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ (၁)ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)