ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၏ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၏ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း၍ ယမန်နေ့နံနက်ပိုင်းကစတင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်‌ဆေးရာတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွင်း မီးလောင်မှုမီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးဆောင်၍ သန္ဓေ/အရန်သတ်တပ်ဖွဲ့၀င်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များပူးပေါင်း၍ မဲရုံများနှင့်မဲရုံပတ်၀န်းကျင်လူနေအိမ်းများ စက်ရုံ/အလုပ်ရုံများ မီးဘေးစိုးရိမ်ရသောနေရာများအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း မီးသတိပေး လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း မီးသတ်ဦးစီးဌာနအရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါဗွီနိုင်းများ ကပ်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)