ဘားအံ ဒီဇင်ဘာ ၁၅
၂၀၂၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသည့် ကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းအချိန်က ကရင်ပြည်နယ် ဘားအံမြို့ လူငယ်စင်တာစားပွဲတင်တင်းနစ် အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဆုများရရှိသော ကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ခြင်းကို တစ်ဦးချင်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုများအား ပြည်နယ် စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌက ငွေသားဆုနှင့် ဆုကလပ်အားလည်းကောင်း၊ အသက် (၅၀)နှစ်အထက် တစ်ဦးချင်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိသူများအား ပြည်နယ်ဥပဒေရုံး ညွှန်ကြားရေးမှူးကငွေသားဆုနှင့် ဆုကလပ်အားလည်းကောင်း၊ နှစ်ယောက်တွဲပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ ပူးတွဲ တတိယဆုရရှိသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ငွေသားဆုနှင့် ဆုကလပ်များအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)