ညောင်ဦး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ အခြေခံပညာမူလတန်းလွန်ကျောင်း(အုတ်သျှစ်ကုန်း)၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီကစတင်၍ အားကစားလှုပ်ရှားမှုအားကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
အုတ်သျှစ်ကုန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး၏ ဦးဆောင်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ဒီဇင်ဘာအားကစားလှုပ်ရှားမှုအဖြစ် အပြေးပြိုင်ပွဲ မီတာ(၁၀၀) ကျားမ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ ကြက်ခွပ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲများ ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ကျောင်းသား စုံညီပွဲတော်ကျင်းပချိန်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း