မြို့သစ်မြို့နယ်၌ စျေးကွက်အတွင်း အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

မြို့သစ် ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ စျေးကွက်အတွင်း အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် (၉)နာရီက မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဆယ်မောင်နှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်းတွင် အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါစျေးကွက်အတွင်း အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းမတွေ့ရှိရဘဲ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)