မိုင်းခတ်မြို့၊ ယန်းမိုင်(လားဟူ)ကျေးရွာ လင်းရောင်ခြည်စာကြည့်တိုက်သို့ စာကြည့်တိုက် ရှင်သန်ခိုင်မာ‌ရေး ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

မိုင်းခတ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ယန်းမိုင်(လားဟူ) ကျေးရွာ “လင်းရောင်ခြည်” စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနွယ်နီအောင်က ဖွင့်လှစ်ပြီးကျေးရွာစာကြည့်တိုက်များ အမြဲတမ်းရှင်သန်ခိုင်မာရေး ထိန်းသိမ်းစောင့်ရှောက်သွားကြရန်၊ ကော်မတီအဖွဲ့ဝင်များကအား ထည့်ဆောင်ရွက်ပေးကြရန်၊ ကျေးရွာနေပြည်သူများ အားလပ်ချိန်တွင် ဗဟုသုတတိုးပွားရေးအတွက် စာကြည့်တိုက်ရှိ စာအုပ်စာပေများ လာရောက်လေ့လာဖတ်ရှုကြရန်လိုကြောင်း၊ စာကြည့်တိုက်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး၊ စာကြည့်တိုက်အတွင်း လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်းတံခါးများ ဖွင့်ထားရေး၊ စာအုပ် စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေး ကျေးရွာစာကြည့်တိုက် ကော်မတီအဖွဲ့ဝင်များအားမှာကြားကာ စာအုပ် စာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)