ဘုတ်ပြင်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး

ဘုတ်ပြင်း      ဒီဇင်ဘာ   ၁၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်‌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိ‌စေရေး၊ မဲ‌ပေးခြင်းသည် နိုင်ငံသားများမှအမျိုးသား‌ရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်‌ကြောင်း ပြည်သူအားအသိပညာပေးလှုံ့ဆော်သည့် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ဘုတ်ပြင်းမြို့  တပင်ရွှေထီးလမ်းရှိ  လူစည်ကားရာနေရာ၌ စိုက်ထူခဲ့ကြသည်။

အသိပညာပေးဆိုင်းဘုတ်ကို တပင်ရွေထီးလမ်းပေါ်ရှိ   လူစည်ကားရာနေရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ်  ဆိုင်းဘုတ်စိုက်ထူပေးခဲ့ကြသည်။

ဆက်လက်၍  တပင်ရွှေထီးလမ်း၊  မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံနှင့် မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် မြို့နေပြည်သူများနှင့် ခရီးသွားပြည်သူများအား  ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို  အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ် ( ပြန်/ဆက်)