ညောင်ဦး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၁၀၆ ဧကစိုက်ပျိုးထားရှိပြီး၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကာ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် အသေးစား၊ အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေပြီး ချည်မျှင်ရှည်ဝါစိုက်တောင်သူများ ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်သည် အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်ပြီး တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှု ပျှမ်းမျှ ၂၀ လက်မအောက်သာရွာသွန်းလေ့ရှိကာ မိုးရာသီ၌သာ စိုက်ပျိုးရေးလုပ်ငန်း ဦးစားပေးလုပ်ကိုင်ရသည့် နယ်မြေဖြစ်ကြောင်း၊ မိုးရာသီတွင် ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးလေ့ရှိကာ မြေပဲ၊ နှမ်းတို့အား အများအပြား စိုက်ပျိုးကြကာ၊ ပြောင်း၊ ပဲစင်းငုံ၊ ပဲပိစပ်နှင့်ကွာစေ့ဖယုံများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တွင် မိုးနှောင်းမိုးဖြင့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးနိုင်မှု ၁၀၆ ဧကစိုက်ပျိုးထားရှိပြီး၊ စိုက်ပျိုး ထားသည့် ရှည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်းနေကာ ဝါဂွမ်းကောက်ယူသိမ်းဆည်း ရောင်းချချိန် ဈေးနှုန်းကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ချည်မျှင်ရှည်ဝါစိုက်တောင်သူများထံက သိရသည်။
ဒီပါလင်း