ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံများအား မီးဘေးလုံခြုံရေးစစ်ဆေး

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းကစတင်၍ စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးသည်။

အဆိုပါ စစ်ဆေးရာတွင်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦးနှင့် စက်ရုံ၀န်ထမ်းများပူးပေါင်းကာ စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်တပ်ဆင်ထားရှိသော မီးငြှိမ်းသတ်‌ရေး စနစ်များအား ကြည့်ရှုစစ်ဆေး၍ မီးကိုသတိပြု၍ သုံးစွဲကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေးမှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)