ပလောက် ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်သို့သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပလောက်မြို့ရုံးဝန်ထမ်းများက ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများအား အလှည့်ကျသွားရောက် ငှားရမ်းပေးလျက် ရှိကြောင်း သိရှိရသည်။
ပလောက် (ပြန် / ဆက်)