ကော့ကရိတ်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကော့ကရိတ် ဒီဇင်ဘာ ၁၅

ကော့ကရိတ်ခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကော့ကရိတ်မြို့၊ ခရိုင်သီးသန့် ရဲဝင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကော့ကရိတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဦးခင်ဇော်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထိုနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီမှူး ဦး‌စောကြည်လင်းက သင်တန်းထွက်ကုန်ချောပစ္စည်းများပေး အပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကော့ကရိတ်ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော့ကရိတ်ခရိုင်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ နှင် သင်တန်းသူများ၊ စုစုပေါင်းအင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ကော့ကရိတ်ခရိုင်(ပြန်/ဆက်)