စဉ့်ကိုင်မြို့နယ်၌ ဒီဇင်ဘာ အားကစားလ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အားကစားကွင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက အားကစားလှုပ်ရှားမှုအဖြစ် အမျိုးသား‌ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလှိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်‌သော အားကစားသမား‌များပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဒီဇင်ဘာအားကစားလှုပ်ရှားမှုအဖြစ် ကျင်းပ‌ပြုလုပ်ရခြင်းဖြစ်‌‌ကြောင်း သိရသည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြတ်စေနာ ကိုယ်ပိုင်ကျောင်းအသင်း၊ ဧည့်ပြအသင်း၊ ‌လင်းရောင်ဦး သင်းနှင့် EDUFLAG ဘော်ဒါ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြတ်စေတနာ ကိုယ်ပိုင်ကျောင်းအသင်းကို ဧည့်ပြလူငယ်အသင်းမှ (၁) ဂိုးပြတ်ဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့ကြောင်း သိရပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပထမဆုရရှိခဲ့သည့် ဧည့်ပြလူငယ်အသင်းနှင့် ဒုတိယဆုရရှိခဲ့သည့် မြတ်စေတနာကိုယ်ပိုင်ကျောင်း အသင်းတို့အား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)