မိုင်းရယ်မြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျေးရွာများအရောက် မဲပေးစက်သရုပ်ပြခြင်းများ ပြုလုပ်

မိုင်းရယ် ဒီဇင်ဘာ ၁၅

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိုင်းရယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များသည် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံများကို ယမန်နေ့ နံနက် (၉)နာရီမှစတင်ပြီး ကျေးရွာများအရောက် ကွင်းဆင်းသရုပ်ပြခြင်းများ ပြုလုပ်သည်။

မိုင်းရယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ခိုဆိုင်းကျေးရွာအုပ်စုရှိ ပြည်သူများကိုလည်းကောင်း၊ မန်ဖျက်ကျေးရွာအုပ်စုရှိ ခလရ (၂၂)တပ်အတွင်းရှိ ပြည်သူများကိုလည်းကောင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)