ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေများပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က လေညာအရှေ့ရပ်ကွက်ရှိ တပ်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က အဖွင့်အမှာစကားပြောကြားကာ ယာယီနေရပ်စွန့်ခွာပြည်သူများအား မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ် ရင်းမှတာဝန်ရှိသူများ၊ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ ကျား(၁၀)ဦး၊ မ(၆)ဦး၊ ပေါင်း (၁၆)ဦးအား တစ်ဦးလျှင် ၂၀၀၀၀/-ကျပ်နှုန်းဖြင့်(၃၂၀၀၀၀/-) ကျပ်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)