ကော့သောင်းမြို့၌ မဲရုံဖွင့်လှစ်မည့် စာသင်ကျောင်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ‌ဆောင်ရွက်

ကော့သောင်း ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ဒီဇင်ဘာ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများပူးပေါင်း၍ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိမှု‌အ‌ခြေအနေများ စစ်ဆေးခဲ့ပြီး အရေးပေါ်မီးဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စနစ်တကျ မီးငြှိမ်းသတ်ရမည့် နည်းလမ်းများအား အသိပညာပေးရှင်းလင်း၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)