မိုင်းခတ်မြို့၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာ‌ပေးဟောပြောပွဲ၊‌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

မိုင်းခတ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့‌ မွန်းလွဲ (၁)နာရီအချိန်က ယန်းမိုင်(လားဟူ)ကျေးရွာ၊ လင်းရောင်ခြည်စာကြည့်တိုက်၌ အသိပညာ‌ပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဦးစွာ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ထွေးက ခေတ်မီစံပြကျေးရွာဖြစ်၍ စာကြည့်တိုက်ခြံစည်းရိုး ကာရံပြီးဖြစ်ရာ နောင်တွင် စာကြည့်တိုက်၌ Wifi Internet လိုင်း အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင် ဒေါ်ချစ်စုစိုးသန်းတို့က စာဖတ်ရှိန်မြှင့်မား‌စေရန် ကျောင်းသား၊ ကျောင်းသူများ အားလပ်သည့်အချိန်၌ စာကြည့်တိုက်ကို အကျိုးရှိရှိ အသုံးချတတ်‌စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြှင့်မားလာစေရန် အသိပညာ‌ပေးပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို ဆေးရောင်ခြယ်ပြိုင်ပွဲပြု လုပ်ကျင်းပပြီး ဆုများပေးအပ်ချီးမြှင့်ကာ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား‌၊ ကျောင်းသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)