ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေ

ပြည်ကြီးမဏ္ဍိုင်  ဒီဇင်ဘာ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်ရေး ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီခွဲက လေညာအရှေ့ရပ်ကွက် လမ်းစုံနှင့် မြိတ်-ကော့သောင်း ပြည်ထောင်စု လမ်းမကြီးနံဘေးလူစည်ကားရာနေရာတွင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် “ဒို့အတူတူမဲ ပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” လှုံ့ဆော်ရေးပိုစတာအားစိုက်ထူပြီး ပြည်ကြီးမဏ္ဍိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်၊ နယ်မြေရဲစခန်းမှရဲအုပ် ဦးသန်းလှိုင်ဦးနှင့် ဝန်ထမ်းများ၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်း၊  မြို့စည်ပင်သာယာရေးဦးစီးဌာနမှ  အခွန်ကောက် ဦးပြည်စိုးအောင်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စာတိုက်မှူး ဦးမျိုးကျော်ကျော်ဦးနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လူစည်းကားရာနေရာ၌ ပြည်သူများရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)