ဘုတ်ပြင်းမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်များ ဆောင်ရွက်

ဘုတ်ပြင်း ဒီဇင်ဘာ ၁၅       

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌  ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနကျောင်းတို့ပူးပေါင်း၍ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အ.ထ.က-ဘုတ်ပြင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှအေးက အသိပညာပေးဟောပြောပွဲ ပြလုပ်ရသည့်ရည်ရွယ်ချက်များကို ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏အဓိပ္ပါယ်များ၊ လူငယ်လူရွယ်များအနေဖြစ် မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းအကြောင်းအရာများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် အားလပ်ချိန်တွင် အသိပညာဗဟုသုရရှိစေမည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် သုတ၊ ရသစာအုပ် စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်ကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)