နတ်မောက် ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက မြို့နယ်အတွင်းရှိမိခင်နှင့်ကလေးများကျန်းမာဖွံဖြိုးရေးနှင့် အမျိုးသမီးများဘဝဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား အသိပညာပေးပြောကြားခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁) ဒေါ်ရီရီငြိမ်းကမျိုး ဆက်ပွားကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လိုက်နာရမည့်ကျန်းမာရေးဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ၊ ရပ်ကွက်/ကျေးရွာများမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း