ကျွန်းစုမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရေးနှင့် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ကလေးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပျော်ရွင်စရာ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။

ထို့နောက် ကျင်းပရေး‌ကော်မတီအသီးသီး ဖွဲ့စည်းခဲ့ပြီး ကော်မတီဝင်များမှ ကျင်းပမည့်ပြိုင်ပွဲများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)