အိမ်မဲ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာအုပ်စု တောင်သူ ဦးလှိုင်မင်းစိုး၏ နေကြာစံပြကွက်စိုက်ပျိုးမည့် လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ (နေကြာ) Super Sun 41 မျိုးစေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆောင်းဆီထွက်သီးနှံ(နေကြာ)(၂.၅)ဧကအား မြို့နယ်အတွင်း စားသုံးဆီဖူလုံစေရန်စိုက်ပျိုးခြင်းဖြစ်ပြီး အဆိုပါ စိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်း စားသုံးဆီဖူလုံစေရန်ရည်ရွယ်ပြီး ကျေးရွာများတွင် ဆောင်းဆီထွက်သီးနှံ နေကြာ (၂၃၁၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)