မြဝတီ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြဝတီမြို့ပေါ်၊ ရပ်ကွက် / ကျေးရွာ/တပ်နယ် မဲရုံ (၄၂) ရုံတွင် မဲရုံမှူး၊ ဒုမဲရုဲမှူးနှင့်မဲရုံအဖွဲ့ဝင် တာဝန်များထမ်းဆောင်ကြရမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများကို မဲရုံအခင်း အကျင်းနှင့် မဲပေးခြင်ဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ် (၄) ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ် (၂) တံတားလမ်း၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်က မဲရုံမှူး၊ ဒုမဲရုံမှူး ၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာ/ ပညာရေးဝန်ထမ်းများမှ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အခွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးက မဲရုံအခင်းအကျင်းနှင့် မဲရုံအဖွဲ့ဝင်များ၏တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စမ်းသပ်မဲပေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မောင်အောင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထက်နှင့်တာဝန်ရှိသူများက မဲရုံအခင်းအကျင်းဆိုင်ရာများအားလည်းကောင်း၊ မဲရုံမှူး၊ ဒုမဲရုံးမှူး၊ မဲရုံအဖွဲ့ဝင်များ၏ တာဝန်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း၊ မဲပေးစက်ကိုင်တွယ် အသုံးပြုပုံများကိုလည်းကောင်း သင်တန်းတက်ရောက်သူများနှင့် အပြန်အလှန်ဆွေးနွေး ပို့ချပေးခဲ့သည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းကို နံနက် (၉)နာရီမှ ညနေ (၄) နာရီအထိ ဖွင့်လှစ်ခဲ့ရာ ဌာနဆိုင်ရာ/ပညာရေးဝန်ထမ်း (၈၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)