တံတားဦးမြို့နယ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး 

တံတားဦး ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာများ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ အမျိုးသမီးကော်မတီ အတွင်းရေးမှူး ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ပဋိပက္ခအတွင်း လိင်ပိုင်းရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု၊ တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာများအား ဆွေးနွေးရာ တက်ရောက်လာသူများက မိမိတို့သိရှိသိရှိလိုသည်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက်ရောက်လာသူများက လူစည်ကားသည့်နေရာများ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)