နမ့်စန်(တ) ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြိုနယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလ၊ ရွေးကောက်ပွဲ ပြီးစီးသည့်ကာလများတွင် လုံခြုံရေး ကျိုးပေါက်မှုဖြစ်စဉ်များ၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး၊ ဧည့်စာရင်းပုံမှန်စစ်ဆေးရေး၊ ဌာနဆိုင်ရာကော်မတီဝင်များအနေဖြင့် မိမိတာဝန်ကျရာ ကျေးရွာများသို့ကွင်းဆင်း၍ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲအကြိုကာလ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ဆက်သွယ်ရေးလုပ်ငန်းများ စနစ်တကျကြိုတင်ဆောင်ရွက်၍ ပြန်လည်တင်ပြရေး၊ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမည့်အခြေအနေ၊ မြို့နယ်သို့ မဲပေးစက်များရောက်ရှိမည့်အခြေအနေနှင့် ရပ်/ကျေးကော်မရှင်များက ထုတ်ယူမည့် အစီအမံနှင့် ပြန်လည်ပို့ဆောင်မည့်အစီအမံများ၊ မဲရုံများကြိုတင်ပြင်ဆင်နိုင်ရေးနှင့် စစ်ဆေးဆောင်ရွက်မည့်အခြေအနေ၊ ကြိုတင်မဲဆိုင်ရာကိစ္စရပ်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းပို့ချရေးနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် စက်ကိုင်တာဝန်ချထားသူများအား မွမ်းမံသင်တန်းများပို့ချရေး၊ အခြားအုပ်ချုပ်ထောက်ပံ့ကိစ္စရပ်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ၊မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူအဆင့်ဆင့်က မိမိတို့ တာဝန်အလိုက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်၍ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများနှင့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)