ရေနံချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ မဲဆန္ဒရှင်ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်()ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက တွင်းကုန်းရပ်ကွက် ဝင်းရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးစောနိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်ပုံများနှင့် မပျောက်ဆုံး၊ မပျက်စီးအောင် ထိန်းသိမ်းကိုင်ဆောင်ကြဖို့လိုကြောင်း ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးစောနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ဦးစီးမှူး ဦးခင်မောင်ဇော်တို့က ပန်းခင်းစီမံချက် အဆင့်()ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့သည့် တွင်းကုန်းရပ်ကွက်မှ ပြည်သူ ၃၅၃ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ရေနံချောင်းမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မဲဆန္ဒရှင်ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်()ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ရက်နေ့အထိ မြို့ပေါ်(၁၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု()အုပ်စုတို့မှ ပြည်သူ ၂၇၉၉ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)