မိုင်းဆတ်မြို့၌ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင်တာဝန်ထမ်းဆောင်မည့်သူများအား မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံတာဝန်ထမ်းဆောင်မည့်သူများ သွားလာနေထိုင်စားသောက်ရေးနှင့် မဲပေးစက်များ သယ်ယူပို့ဆောင်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်တင်ဝင်းနှင့် တာဝန်ရှိသူတို့က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးစက်တည်ဆောက်ပုံနှင့် တပ်ဆင်အသုံးပြုပုံ၊ စမ်းသပ်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံတို့ကို ရှင်းလင်းပြောကြားပြီး မဲရုံခင်းကျင်းခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)