ညောင်လေးပင် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်ခြင်းတို့ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများထဲမှ မူးယစ်ဆေးဝါးသည် မြန်မာလူမျိုးတစ်မျိုးတည်း၏ အန္တရာယ်သာမဟုတ်ဘဲ ကမ္ဘာ့လူသားအားလုံး၊ လူသားမျိုးနွယ်စု တစ်ရပ်လုံး၏ လူညွန့်တုံးစေသည့် အန္တရာယ်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အမျိုးသားရေတာဝန်အဖြစ်သတ်မှတ်ကာ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးကို ခေတ်အဆက်ဆက်အစိုးရက ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းစသည့် မူးယစ်ဆေးဝါးအန္တရာယ်များ၏ အသိပညာပေး အကြောင်းအရာများအား ကျောင်းသား/ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသူများမှ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်/စာစောင်များအား ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်နှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)