ဘိုကလေးမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်  စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဘိုကလေး ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ဘိုကလေး-ဖျာပုံကားလမ်းဘေး၊ ကွင်းအမှတ်(၇၀၈)၊ ဦးပိုင်အမှတ်(၉၁)၊ ဧရိယာ(၄)ဧကရှိ တောင်သူ ဦးအေးဝင်း၏ လယ်ယာမြေတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ ဖျာပုံခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်ကော်မတီဝင်များ၊ ဘိုကလေးမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်နှင့်ဝန်ထမ်းများတက်ရောက်၍ တောင်သူများ၏ နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး အောင်နိုင်တိုးစပါးမျိုးအား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးသရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုးစက်