ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ကန်ကြီးထောင့် ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်မဲရုံများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်စည်ပင်၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်မဲရုံများသို့ သွားရောက်၍ ရွေးကောက်ပွဲကျင်းပနေစဥ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်အသုံးပြုလျှင် ဂရုစိုက်ဆောင်ရွက်ရမည့် အချက်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ မီးသတ်ယာဥ်များအလွယ်တကူ ဝင်ထွက်နိုင်မှုရှိ/မရှိအခြေ အနေများ၊ မီးဘေးစီမံချက်များရေးဆွဲထားရှိရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ထားရှိကြရန်စသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြား၍ မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုခဲ့ပါကြကြောင်း သိရသည်။

ကျော်ဇင်စိုး