အိမ်မဲ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်ဝင်များက ကြိုတင်မဲအကြောင်း၊ မဲပေးစက်များမဲရုံသို့ သယ်ယူဆောင်ရွက်ရန်အကြောင်းအရာများ၊ မဲရုံဆိုင်းဘုတ် အကြောင်းအရာများ စသည့်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ချစ်သက်လယ်(ပြန်/ဆက်)