ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 မိုးစပါးမျိုးများစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၂၉၀၄၂ ဧက ရိတ်သိမ်းပြီးစီးခဲ့ပြီး စပါးတင်းစုစုပေါင်း၂၆၆၁၀၉၉ တင်းထွက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် စမာတိုက်နယ်၌ ၃၆၃၈ ဧက၊ တမုတ်တိုက်နယ်၌ ၅၂၀၃ ဧက၊ မင်းရဲတိုက်နယ်၌ ၃၄၃၁ ဧက၊ သင်းတွဲတိုက်နယ်၌ ၅၉၀၂ ဧက၊ ထုံးကြီးတိုက်နယ်၌ ၅၅၄၇ ဧက၊ သင်းဒီးတိုက်နယ်၌ ၅၃၂၁ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး စုစုပေါင်းမိုးစပါး စိုက်ပျိုးခဲ့မှုမှာ ၅၀၂၃၉ ဧကဖြစ်ကြောင်း သိရသည်။
မိုးစပါးများရိတ်သိမ်းရာ၌ ကောင်း၊ သင့်၊ ညံ့ ဟူ၍ ၃ မျိုးခွဲပြီး ရိတ်သိမ်းခဲကြောင်းနှင့် ဧရာမင်း(ကောင်း) စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း ၉၅.၇၄ တင်း၊ ဧရာမင်း(သင့်) စပါးတစ်ဧကပျမ်းမျှအထွက်နှုန်း ၈၅.၁၀ တင်း၊ ဧရာမင်း(ညံ့) စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း ၆၉.၀၂ တင်း၊ ရွှေမနော်(ကောင်း) စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း ၁၁၈.၈၇ တင်း၊ ရွှေမနော်(သင့်) စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း ၈၄.၇၃ ဧက၊ ရွှေမနော်(ညံ့) စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း ၆၅.၃၆ တင်း ထွက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)