တနိုင်း ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်ဆန္ဒမဲပေးခြင်းကို တနိုင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် တနိုင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများနှင့် ပညာရေးဌာနမှ ဆရာဦးပြည့်စုံဖြိုးဝေဆောင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း၊ အသိပညာပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများအား မဲပေးစက်တွင် သက်ဆိုင်ရာ လွှတ်တော်အလိုက် နည်းစနစ်ကျမှန်ကန်စွာ မဲပေးနိုင်ရေးကိုယ်တိုင်စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို လက်တွေ့သရုပ်ပြဆောင်စေခဲ့ကြကြောင်း သိရသည်။
နေလင်းထူး