ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိအသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀က အမှတ် (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်သိပ္ပံလမ်းဆုံ ပြည်သူ့ဆေးရုံရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ဦးအောင်ကျော်ညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီများက ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွေးနံ့သာများ ပက်ဖြန်းပေးသည်။

အဆိုပါမြေစိုက်ပိုစတာကို အမှတ် (၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့်စိုက်ပျိုးရေးလမ်းဆုံ ဇမိရတနာ စျေးထောင့်တွင်လည်းစိုက်ထူခဲ့ပြီး ဗီနိုင်းပိုစတာများကို အမှတ် (၁) ရပ်ကွက် စိုက်ပျိုးရေးလမ်း၊ သပြေချဥ်ဂိတ်အနီးနှင့် ဗိုလ်ချုပ်လမ်းနှင့် အောင်သီဟလမ်းဆုံတွင် လည်းကောင်း၊ အမှတ် (၂) ရပ်ကွက် စိုက်ပျိုးရေးလမ်းနှင့် ရွှေဝါလမ်းဆုံတွင်လည်းကောင်း အမှတ် (၅) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်စိုက်ပျိုးရေးလမ်းဆုံတွင်လည်းကောင်း၊ အမှတ် (၆) ရပ်ကွက် စိုက်ပျိုးရေးလမ်းနှင့် ကျွန်းတောလမ်းဆုံတို့တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ပူးပေါင်းစိုက်ထူဆောင်ရွက်ခဲ့ကြကြောင်းနှင့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)