မြန်အောင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

မြန်အောင် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်က စာပေ ချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် မြန်အောင်မြို့နယ် စာရေးဆရာအသင်းနာယက ဦးဥာဏ်မြင့် (ဥာဏ်မြှင့်သျှင်-မြန်အောင်)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက လစဥ်ဆောင်ရွက်နေသော စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက်အခမ်းအနားတွင် မြန်အောင်မြို့နယ် စာရေးဆရာအသင်းနာယက ဦးဥာဏ်မြင့် (ဥာဏ်မြှင့်သျှင်-မြန်အောင်)က ဦးဆောင်၍ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာပေဝါ သနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)