သာပေါင်းမြို့နယ်၌ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့( ၁၂/၂၀၂၅ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သာပေါင်း ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဖွဲ့ (၁၂/၂၀၂၅ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှတာဝန်ရှိသူများ၊ သာပေါင်းမြို့နယ်ရှိ နိုင်ငံရေးပါတီ(၇)ပါတီမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများမှ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကပ်ထားရာတွင် မကျန်ရှိစေရေး၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ဖြည့်စွက်ရာတွင် စိစစ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ပါတီကိုယ်စားလှယ်များမှ သိရှိလိုသည်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး