ဒဂုံ(အရှေ့) သြဂုတ် ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မိုးရာသီကာလအတွင်း အများပြည်သူများ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး၊ ဗို့အားပြည့်ဝစွာရရှိရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့ အတွက် ယနေ့ နံနက် (၈)နာရီက အမှတ်(၁၃) ရပ်ကွက် ဆည်တော်(၂)လမ်း၊ ဆည်တော်(၃)လမ်းတို့၌ အန္တရာယ်ရှိ ကျိုးပဲ့နေသော (အရေးပေါ်) ဓာတ်တိုင်နှစ်တိုင်အား လာရောက် လဲလှယ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ အမှတ်(၁၃)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အား လိုင်းပြတ်တောက် မှုမရှိစေရေး၊ လမ်းသွားလမ်းလာ ပြည်သူများသွားလာရာတွင် အန္တရာယ်ကင်းဝေးစေရေးအတွက် ကျိုးပဲ့ပျက်စီးနေသော အန္တရာယ်ရှိ ဓာတ်တိုင်နှစ်တိုင် အား အသစ်လဲလှယ် တပ်ဆင်ပေးခဲ့ကြောင်းခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)