ကျောက်ဆည် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေး ယနေ့နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောက်ဆည်မြို့ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများမှ မြို့မဈေးရှိ ဈေးရောင်းသည့် ဈေးသည်များ၊ ဈေးဝယ်ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)